ကသာ ဩဂုတ် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ယနေ့နေ့လယ် (၁၂)နာရီအချိန်က ကသာမြို့အကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ (၁၇)ဦး လွတ်မြောက်ခဲ့သည်။
ထိုသို့ လွတ်မြောက်ခဲ့ကြသည့် အကျဉ်းသား/ အကျဉ်းသူများအား လွတ်ငြိမ်းသက်သာခွင့် ပေးအပ်ခြင်းကို ကသာအကျဉ်းထောင်ရှိ ဧရာရန်အောင်ဧည့်ရိပ်သာ ခန်းမတွင် ကျင်းပခဲ့ရာ အမှတ်(၈၈၂) နည်းဗျူဟာမှူး(ကွပ်ကဲရေးမှူး) ဗိုလ်မှူးကြီးကျော်သူလှိုင်၊ ကသာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့်အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်လှိုင်မြင့်တို့က ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ပြီး ကသာအကျဉ်းထောင် တာဝန်ခံ အရာရှိ လက်ထောက်ညွှန်ကြားရေးမှူးဦးသန်းနိုင်က လွတ်ငြိမ်းသက်သာခွင့်ကတ်ပြားနှင့် ခရီးစရိတ်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အနေကဇာတင် အထိမ်းအမှတ်နေ့တွင် ကသာအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့် ရရှိသူအမျိုး သား(၁၅)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း (၁၇)ဦးဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)