လှိုင်းဘွဲ၊ အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများမှအပ ပြည်သူများအနေဖြင့် မဖြစ်မနေဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက်ဝယ်ယူခြင်းကိစ္စရပ်မှလွဲ၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းများ မပြုလုပ်ဘဲ မိမိ၏နေအိမ်၌နေထိုင်ခြင်းဖြင့် အသွားအလာကန့်သတ်ခြင်း အစီအစဉ်အား ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် မြို့နယ်အတွင်းအသံချဲ့စက်များဖြင့် နေ့စဉ်နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်စည်းကမ်းများကို လိုက်နာလျက်ရှိရာ မြို့နယ်အတွင်းရှိ လမ်းမကြီးများဖြစ်သော ဗိုလ်ချုပ်လမ်း၊ မင်္ဂလာလမ်း၊ ကုန်သည်လမ်း၊ လှိုင်းဘွဲ-ဘားအံလမ်း၊ လှိုင်းဘွဲ-ပိုင်ကျုံလမ်း၊ လှိုင်းဘွဲ-ရွေဂွန်းလမ်းများနှင့် မြို့မစည်ပင်သာယာဈေးအတွင်း သွားလာခြင်းနည်းပါပြီး အိမ်ပြင်သို့မထွက်ဘဲ နေအိမ်များ၌ စည်းကမ်းရှိစွာ နေထိုင်၍ ကိုဗစ်-၁၉ ကာကွယ်ရေးတွင် ပြည်သူများအားလုံး ပူးပေါင်းပါဝင်လျက်ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)