လှိုင်းဘွဲမြို့နယ်တွင်နေရပ်ပြန်ပြည်သူ(၁၉)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် ရယူစစ်ဆေး

လှိုင်းဘွဲ၊    အောက်တိုဘာ  ၁၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ပြန်လာ သူများကို Facility Quaratineနှင့် Home Quaratine စနစ်တကျထားရှိ၍ ကျန်းမာရေးစောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့က နေရပ်ပြန် ပြည်သူ(၁၉)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ကို ရယူ စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နှာခေါင်တို့ဖတ်နှင့်အာခေါင်တို့ဖတ် ရယူစစ်ဆေးရာတွင် မြိုင်ကြီးငူတိုက်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒေါက်တာ သန်းထိုက်အောင်နှင့်ကျန်းမာရေး ဝန်ထမ်းများက မြိုင်ကြီးငူအထူးဒေသ အာရောဂျဒါန ဆေးရုံရှိ  Facility Quaratine Centre တွင် ထားရှိသော နေရပ်ပြန်ပြည်သူ(၁၉)တို့ကို Test Kit ဖြင့် နှားခေါင်းတို့ ဖတ်နှင့်အာခေါင် တို့ဖတ် ရယူစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ(Negative)ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)