ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် သကျမဟာသီရိဘုရားကြီး၌ ရေကြည်တော်ကပ်အခမ်းအနားနှင့် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ဝါးခယ်မ  ဩဂုတ်လ  ၁

ဝါဆိုလပြည့်နေ့သည် မင်္ဂလာရှိပြီး မြင့်မြတ်သောလပြည့်နေ့ဟုမှတ်ယူရခြင်းမှာ ဝါဆိုလပြည့်နေတွင် မြတ်စွာဘုရားဂေါတမ အလောင်းတော်သည် မယ်တော်မာယာဒေဝီ၏ ဝမ်းကြားတိုက်၌ သန္ဓေယူသော နေ့ဖြစ်သောကြောင့် ဝါဆိုလပြည့်နေ့ကို သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြားဋိဟာဟု မှတ်တမ်းပြုထားရာ ထို့နေ့တွင် အမြို့အနယ်နယ်၌ ဝါဆိုလပြည့် ဓမ္မစကြာအခါတော် နေ့တွင် ကောင်းမှုကုသိုလ်ပြုကြရာ ဝါးခယ်မမြို့ နယ် သကျမဟာသီရိဘုရားကြီး၌ ရေကြည်တော်ကပ်အခမ်းအနားနှင့် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းတို့မှ ဦးဆောင်၍ ဘုရားကြီးဂေါပကအဖွဲ့နှင့် ရေကြည်တော်ကပ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး မျက်နှာသစ်တော်ရေနှင့် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူခဲ့ကြောင်း၊ ကြွရောက်တော် မူကြသော ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် ဧည့်ပရိတ်သတ်များအား အရုဏ်ဆွမ်း မုန့်ဟင်းခါးကပ်လှူခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌လည်း ဝါဆိုသင်္ကန်း၊ ကြာသင်္ကန်းများ၊ ဆန်၊ ဆီများနှင့် လှူဖွယ်၀တ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)