ပိုင်ကျုံ သြဂုတ် ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ မိုးရွာသွန်းမှုများပြီး ရေကြီးသည့်အချိန်တွင် ရေကြီး နှစ်မြှပ်မှုများဖြစ်ပေါ်ပါက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က မိုးရွာသွန်းမှု များပြီး ရေကြီးသည့်အချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ် ဆောင်ရွက်ရမည့်အစီအမံများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်အစည်းအ၀ေးတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် ဆပ်ကော်မတီများ၌ ကြိုတင်ဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရွက်ထားရှိမှုအခြအနေတို့အား အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ပိုင်ကျုံမြို့တွင် ရေကြီးနှစ်မြှပ်မှုဖြစ်ပေါ်ပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း များကို ယာယီကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ ဆက်)