ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ကျွန်းစု အောက်တိုဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ဆရာ၊ ဆရာမများ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် ကျွန်းစုမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဌေးဌေးဝင်းနှင့် ဆရာ၊ ဆရာမများ စုပေါင်း၍ အလှူငွေ (၃၆၀၀၀၀) ကျပ်အား ပေးအပ်လှူဒါန်းရာ ကျွန်းစုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် တာဝန်ရှိသူ များက ကော်မတီကိုယ်စား လက်ခံရယူခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)