ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ကြံခင်း  အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင် အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့်် လူမှုဖွံ့ဖြိုးတိုးတတ်ရေးအသင်း  (CDA)၊ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်သော HARP-F/UK aid အဖွဲ့တို့ ပူးပေါင်းပြီး ကြံခင်းမြို့နယ် အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် နှာခေါင်စည်းMaskများ၊ "သင့်မိသားစုကျန်းမာရေး စနစ်တကျလက်ဆေးပေး’’ အသိပညာပေးလက်ကမ်းစာစောင်များနှင့် Hand Sanitizar လက်သန့်ဆေးရည်ဘူးများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဖြန့်ဝေပေးခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ ဖြစ်သော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုဖွံ့ဖြိုးတိုးတတ်ရေး အသင်း(CDA) တာဝန်ခံ ဦးလှိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဖြန့်ဝေ ပေးခဲ့ကြကြောင်းနှင့် နှာခေါင်းစည်းMask အခု(၅၀၀)၊ အသိပညာပေး လက်ကမ်းစာစောင်(၂၀၀)နှင့် Hand Sanitizar လက်သန့်ဆေးရည် (၂၀၀)ဘူးတို့အပြင် အသိပညာပေး ပိုစတာဗီနိုင်းများပါ ပြည်သူများမြင်သာသော နေရာများတွင် ကပ်ထားပေးကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)