ကျွန်းစု စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ကုသရေးအဆောင်များတွင် သွားရောက် တာဝန်ထမ်းဆောင်မည့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်(၃)ဦးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်(၃)ဦးသည် လာမည့်အပတ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း Quarantine Center များတွင် ကျန်းမာရေးဝန်ထမ်းများ၏ လိုအပ်ချက် များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သွားရောက်တာဝန်ထမ်းဆောင်ရ မည်ဖြစ်ပြီး မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ က တစ်ဦးလျှင် (၅)သောင်း ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)