စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ဘုတလင်မြို့တွင် PPE ဝတ်စုံများနှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်

ဘုတလင် အောက်တိုဘာ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ပြည်သူ့ဆေးရုံကြီး သီးသန့်အဆောင်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို ထားရှိ ကုသပေးနေမှုအခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး PPE ဝတ်စုံများနှင့် နှာခေါင်းစည်းများကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဖြိုးကျော်အောင် က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ၏ လက်ရှိကျန်းမာရေးအခြေအနေ၊ သီးသန့် အဆောင်တွင် ထားရှိမှု နှင့် ဆေးကုသပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက PPE ဝတ်စုံ ၁၀ စုံ၊ နှာခေါင်းစည်း အခု ၅၀ ပါ ၁၅ ဘူး၊ ကျန်းမာရေးအကူများအတွက် ဝတ်စုံ ၁၀ စုံနှင့် Volunteer များအတွက် PPE ဝတ်စုံ ၁၀ စုံကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူများသည် တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စား လှယ်များ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင် များအား တွေ့ဆုံပြီး ဘုတလင်မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တွေ့ဆုံမှာကြားခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)