သာပေါင်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ(၅၀)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထပ်ဆောင်း ထိုးနှံ

သာပေါင်း ဩဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်၍ ‌အသက် ၅ နှစ်ပြည့်ပြီး KG ကျောင်းသား၊ ကျောင်းသူများအား Second Booster(Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း ထိုးနှံနိုင်ခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့တို့က ကြည့်ရှုအား‌ပေး ကူညီဖေးမစောင့်ရှောက်ကြ၍ ကျန်းမာရေးဌာနမှ အသက် ၅ နှစ်ပြည့်ပြီး KG ကျောင်းသား၊ ကျောင်းသူ(၅၀)ဦး Second dose(Sinopharm) ကာကွယ်ဆေးထိုးနှံခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများနှင့်ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူကလေးများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)