ဘိုကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲပြီး လူနေအိမ်များပျက်စီး

ဘိုကလေး ဩဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် ယမန်နေ့နံနက်(၉)နာရီ အချိန်ခန့်၌ မိုးသည်းထန်းစွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ လူနေအိမ်(၂)လုံးပျက်စီးခဲ့သည်။

ပျက်စီးမှုများမှာ အေးရွာကျေးရွာမှ ပိုင်ရှင်ဦးသောင်းအေး၏ ဓနိမိုး၊ထရံကာ၊ပျဉ်ခင်း၊ ဦးလှအေး၏ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းထားသော အလျား(၅၀)ပေ၊အနံ(၂၀)ပေ၊ အမြင့်(၈)ပေ နေအိမ်(၂)လုံးတို့ ပျက်စီးခဲ့ကြပြီး  ပျက်စီးနေအိမ်များမှ မိသားစုဝင်များအား ကျေးရွာတွင်းရှိ ဆွေမျိုးများ၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ရန် ကျေးရွာတာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ သစ်ပင်ပြိုလဲ၊ နေအိမ်ပျက်စီးမှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် နေအိမ်ပျက်စီးမှုများအတွက် ထောက်ပံ့နိုင်ရေး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက်(ပြန်/ ဆက်)