ဒေးဒရဲ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယနေ့နံနက်ပိုင်းတွင် ကျုံဒါတ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ဆက်လက်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၀)စုမှ တောင်သူ(၂၅၀၀)ဦး၏ စိုက်ပျိုးမြေ(၁၈၀၀၀)ဧကအား တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စု (၅၂)စုက တောင်သူ(၁၃၉၂)ဦး၏ စိုက်ပျိုးဧက (၁၀၅၅၄)ဧကအတွက် ငွေ (၁,၅၈၃,၁၀၀,၀၀၀)ကျပ်ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်းသိရပြီး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်နှစ်အတိုးနှုန်း (၅%)နှုန်းဖြင့် ၂၀၂၄ ခုနှစ် ဧပြီလနောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
အေဇာလင်း