သုံးမွှာပူး​မွေးဖွားသည့် မိသားစုများအား​ ထောက့်ပံ့​​ငွေများ​ပေးအပ်

​ရွှေဘို ဇူလိုင် ၃၁

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင် လူမှု့ဝန်ထမ်းရုံးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သုံးမွှာပူးမွေးဖွားသည့်မိသားစုအား​ ယ​နေ့နံနက် ၁၀ နာရီချိန်က ​ထောက်ပံ့ငွေ (၅၀၀၀၀၀ိ) ပေးအပ်ခဲ့​ကြောင်း သိရသည်။

ထောက်ပံ့​ငွေများကို၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်​ထောက်ညွန်ကြား​ရေးမှူး​ဒေါ်ကြွယ်ကြွယ်ဝင်းက ​ထောက်ပံ့​ပေးအပ်ရာ သုံးမွာ​ပူး​မွေးဖွားသည့် မိသားစုများက လက်ခံရယူခဲ့သည်။

အဆိုပါအမွာလေးများကို၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာ အဖဦးစည်သူလွင်၊ အမိ​ဒေါ်​အေးမူတို့က​သား (၂)ဦး၊ သမီး(၁)ဦးမွေးဖွားခဲ့ပြီး၊​​ မောင်သက်ဦးကို၊ မသက်ဦး​မေ၊ ​မောင်သက်ဦး​မောင်တို့သည် ကျန်းမာ​ရေး​ကောင်းမွန်လျက်ရှိ​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)