မြဝတီမြို့၌ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား၊သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်

မြဝတီ ဇူလိုင် ၃၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြဝတီမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးများမှ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

​အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)သဃ်န်းညီနောင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်က ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဥ်း၍ အဖွင့်အမှာစကားကိုလည်းကောင်း၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က မိမိတို့ ခရိုင်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးများမှ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများအတွက် လိုအပ်သည့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရခြင်း အမှာစကားကိုလည်းကောင်း အသီးသီးပြောကြားပေးသည်။

ထို့နောက် စစ်ဗျူဟာအဖွဲ့(အခြေချ) သဃ်န်းညီနောင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်၊ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းအလိုက် ပညာသင်စရိတ်နှင့်ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်နှင့် အားကစားဖိနပ်တစ်ရံစီ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ စစ်မှုထမ်းဟောင်းအဖွဲမှဥက္ကဋ္ဌ ဦးစောမျိုးမြင့်က ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးသည်။

အဆိုပါ ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းတွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် ၉၂ ဦးအတွက် စုစုပေါင်းငွေကျပ် နှစ်ဆယ့်ခုနစ်သိန်းခြောက်သောင်းကိုလည်းကောင်း၊​ ကျောင်းသုံး ဗလာစာအုပ် ၁၈၄ ဒါဇင်၊ ခဲတံ၊ ခဲဖျက်နှင့် အားကစားဖိနပ်တို့ ပါဝင်ကြောင်း သိရသည်။
ထိန်လင်းအောင်(မြဝတီ)