ကန့်ဘလူမြို့တွင် သုံးထပ်ကျောင်းဆောင်သစ် အဆောက်အဦး ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ကန့်ဘလူ ဇူလိုင် ၃၁

ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းတွင် သုံးထပ်ကျောင်းဆောင်သစ် အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ ၄၉ မိနစ်အချိန်က ကျင်းပခဲ့သည်။    

မင်္ဂလာအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ရဲမှူးသောင်းထိုက်၊ ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး ဦးခင်မောင်ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းနှင့် ကျောင်းကော်မတီတို့က သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်တင်မင်္ဂလာ ပြုကြ သည်။

အဆိုပါ အဆောက်အဦးမှာ အလျား ၁၄၀ ပေ၊ အနံ ၃ ၀ပေ၊ အမြင့် ၃၆ ပေ (အာစီ) သုံးထပ် အဆောက်အဦးဖြစ်ပြီး  ခွင့်ပြုရန်ပုံငွေ စုစုပေါင်းကျပ် (၆၅၂.၇၀၇) သန်းဖြင့် "နိုင်မြန်မာထွန်း'' ကုမ္ပဏီက တာဝန်ယူတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။    

အောင်ဝင်းငြိမ်း(ကန့်ဘလူ)