ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေး ဆီထွက်သီးနှံစုံ ၁၀၅၃၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်

ပွင့်ဖြူ ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံစုံဧက ၁၀၅၃၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဆီထွက်သီးနှံစုံ ၁၄၆၂၇ ဧက စိုက်ပျိုး ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူသီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဆီထွက်သီးနှံစုံ စိုက်ဧကလျာထားမှုအနေဖြင့် မြေပဲ ၂၉၃၃ ဧက၊ နှမ်း ၆၆၈၅ ဧက၊ နေကြာ ၉၂၀ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၁၀၅၃၈ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယနေ့အထိ  မြေပဲသီးနှံ ၈၄၀ ဧက၊ နှမ်း ၁၃၃၉၅ ဧက၊ နေကြာ ၃၉၂ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၁၄၆၂၇ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဆီထွက်သီးနှံစုံစိုက်ဧက ၁၀၅၃၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေက ဆီထွက်သီးနှံအလိုက် သတ်မှတ်လျာထားဧက ပြည့်မီစေရန်အတွက် ဇွန်လဆန်းကစပြီး ကြိုးပမ်းစိုက်ပျိုးခဲ့ကြပါတယ်။ ယနေ့အထိ မြေပြင်စိုက်ပျိုး ပြီးစီးမှုအနေနဲ့ မြေပဲသီးနှံ ၈၄၀ ဧက၊ နှမ်း ၁၃၃၉၅ ဧက၊ နေကြာ ၃၉၂ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၁၄၆၂၇ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဆီထွက်သီးနှံများတွင် နှမ်းသီးနှံမှာ ဈေးကွက်ကောင်းမွန်နေသဖြင့် ဒေသခံတောင်သူများက အားထားစိုက်ပျိုးကြလို့ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီမှာ ဒေသတွင်းရှိ တောင်သူတွေကိုလည်း သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် စိုက်ပျိုးတဲ့ သီးနှံအမျိုးအစားအလိုက် တစ်ဧကပန်းတိုင်အထွက်နှုန်းတွေ တိုးတက်စေဖို့ အခြေခံစိုက်ပျိုးရေးနည်း စနစ်တွေ၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေနဲ့ သွင်းအားစုပစ္စည်း အချိုးကျ သုံးစွဲနည်းစနစ်တွေကို အလေးထားဆောင်ရွက်ကြဖို့ တောင်သူ အသိပညာပေးလုပ်ငန်းကို တွန်းအားပေး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နောက်ပြီး ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေ ဖူလုံတဲ့ အတွက် စိုက်ပျိုးတဲ့သီးနှံတိုင်း အောင်မြင်ဖြစ်ထွန်းမှုရှိပြီး တောင်သူတွေအတွက် သီးနှံဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မိုးစပါးသီးနှံ ၆၉၉၄၃ ဧက၊ ဖူးစားပြောင်း ၁၂၈၂ ဧက၊ နှံစားပြောင်း ၂၀ ဧက ၊ ပဲမျိုးစုံသီးနှံ ၉၃၂၆ ဧက ၊ ဆီထွက်သီးနှံစုံ ၁၀၅၃၈ ဧက ၊ ဝါသီးနှံ ၅၀၀၀ ဧက၊ ကြံ ၈ ဧက၊ ထန်း ၂၂၂ ဧက၊ ကွမ်း ၅၂ ဧက၊ ငရုတ်စို ၄၀၄ ဧက၊ အခြား စားသုံးသီးနှံ ၃၉၀၀ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာပင်  ၂၉၁၇ ဧက၊ အထွေထွေသီးနှံ ၉၈၁ ဧက၊ အစေ့ကြားကြက်ဆူ ၂၅ ဧက၊ စုစုပေါင်း ၁၀၄၈၇၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး  ယနေ့အထိ မိုးသီးနှံစုံဧက ၆၀၇၀၅ ဧက စိုက်ပျိုးပြီးစီး သွားပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )