လောင်းလုံးမြို့၊ (ဂ)ရပ်ကွက်၊ မဟာမြိုင်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်နှင့် လျှပ်စစ်ဓာတ်မီးတိုင် လဲကျကျိုးပဲ့ပျက်စီး

လောင်းလုံး ဇူလိုင် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၊ (ဂ)ရပ်ကွက်၊ မဟာမြိုင်လမ်းတွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှု ကြောင့် ယနေ့နံနက် ၁၀ နာရီခွဲခန့်က အုန်းပင်တစ်ပင်နှင့် လျှပ်စစ်ဓာတ်မီးတိုင်တစ်တိုင် လဲကျပျက်စီးသွားခဲ့ကြောင်းသိရသည်။

လဲကျနေသည့်အုန်းပင်အား လောင်းလုံးမြို့၊ လျှပ်စစ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဖယ်ရှားပြီး ကျိုးပဲ့သွားသည့်ဓာတ်တိုင်ကို အစားထိုးလဲလှယ် ပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်လွင်နှင့် မြို့မရဲစခန်းမှ တာဝန်ရှိသူတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)