၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ

ထားဝယ် အောက်တိုဘာ ၁၄

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးစိုးလွင်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ယူမည့်ဌာနအကြီးအကဲများ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအနေဖြင့် မိမိတာဝန်ကျရာ လုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ဉပဒေ၊ နည်းဉပဒေနှင့်အညီ(ပုံစံ-၁-၁)(ပုံစံ ၁-၂)(ပုံစံ ၁-၃)များကို သက်ဆိုင်ရာမဲဆန္ဒရှင် များသို့ ပို့ပေးထားပြီး ဖြစ်သည့်အတွက် မကြာမီ ၄င်းမဲလက်မှတ်များအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည် ရောက်ရှိလာမှာဖြစ်ကြောင်း၊ မဲလက်မှတ် ရောက်ရှိလာပါက နိုင်ငံရေးပါတီများအား ဖိတ်ခေါ်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ပွင့်လင်းမြင်သာရရှိစေရေး မြို့နယ်ကြိုတင်မဲပုံးထဲသို့ ထည့်သွင်း သွားရန် လိုအပ်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံ အဖွဲ့ဝင်များကို ဆင့်ပွားသင်တန်း များပို့ချသင်ကြား ပေးရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ မှ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်နှင့် အညီဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထိုနောက် တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)