ဒေးဒရဲ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ပန်းခင်း(၂)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးက တိုက်နယ်မှူးများက သက်ဆိုင်ရာ ကျေးရွာများသို့ကွင်းဆင်း၍ ရုံးလက်ခံများဖြင့် အမှန်တကယ်နေထိုင်မှုအား တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ(၁၇)ရွာအား ကွင်းဆင်းဆောင်ရွက်ပြီးစီးကြောင်း သိရပြီး ကျန်ကျေးရွာများသို့ သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း