ဖြူး အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းကျော်နှင့်အဖွဲ့သည် အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းက ညောင်ပင်သာ ကျေးရွာအုပ်စု၊ ကျွဲနွယ်ဂုတ်မြစိမ်းရောင်ကျေးရွာသို့သွားရောက်ကာ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းမှ ၄၀၀ ဗို့အားလိုင်းသွယ်တန်းခြင်း ရာနှုန်းပြည့် လုပ်ငန်းဆောင်ရွက်ပြီး စီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရှိရသည်။
၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ညောင်ပင်သာ ကျေးရွာအုပ်စု၊ ကျွဲနွယ်ဂုတ်မြစိမ်းရောင်စီမံကိန်းမှရရှိလာသော အတိုးငွေ စုစုပေါင်း ၁၇၀ ဒဿမ ၇၆သိန်း ထဲမှ ကျေးရွာတွင်း ၁၅၅၀ ပေရှိ ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းအား ငွေကျပ် ၇၂ ဒဿမ ၆၅ သိန်းဖြင့် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မြို့နယ်ဦးစီးမှူး နှင့်အဖွဲ့မှ ကြည့်ရှု စစ်ဆေး ကာလိုအပ်သည်များအား ကျေးရွာမီးလင်း ရေးကော်မ တီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။
မနွယ်(ဖြူး)