မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက် အသိပညာပေး နံရံကပ်စာစောင်ပြသ


မိုင်းငေါ့  အောက်တိုဘာ ၁၃


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး ၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများအား  အသိပညာပေးမှတ်တမ်းများ ပြသခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ ပြသပေးလျက်ရှိကြောင်းသိရသည်။


 အဆိုပါပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ မီဒီ ယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး ဆိုင်ရာ နည်းလမ်းများ၊ လူမူမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်းဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ နှာခေါင်းစည်း (Mask) ကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ လိုက်နာရမည့် ကျင့်ဝတ်များစသည့် အသိပညာပေး အကြောင်းအရာမျိုးစုံကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ပြသပေးထားကြောင်း သိရသည်။


 ထို့အပြင် နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ ဒေသတွင်း လုပ် ငန်း ဆောင်ရွက်နိုင်မှုမှတ်တမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သော အနုပညာရှင်များ၏ နှိုးဆော်ချက်များကိုလည်း ပြသဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်ဆက်)