ပြည်ကြီးမဏ္ဍိုင် မြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်းဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၁၃

၂၀၂၀ပြည့်နှစ်  ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယ အကြိမ် မဲဆန္ဒရှင်များစာရင်း ကြေငြာကပ်ပြထားရှိမှု အပေါ် ဆန္ဒမဲပေးသူများ ရှင်းလင်း တိကျစွာသိရှိနိုင်ရေး အတွက် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များကိုယနေ့နံနက် ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင် ၊ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်/ဆက် ဦးစီးဌာန ဝန်ထမ်းများက ပြည်သူများထံ ဖြန့်ဝေပေးပြီး လူစည်းကားရာနေရာများတွင်ပညာပေးပိုစတာကပ်ပြထားခဲ့သည်။

ထိုသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့်လက်ကမ်းစာစောင်နှင့် ပိုစတာများ တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရာ တွင်ဆန္ဒမဲပေးပိုင်ခွင့်ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေး ၊မဲဆန္ဒရှင်စာရင်းတွင်သင့်အမည်ပါ ဝင်ပါသလား၊ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်း ဆိုင်ရာမေးခွန်းနှင့် အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ပါက ဆောင်ရွက်ရမည့် အချက် များနှင့် မပါဝင်သင့်သူ ပါဝင်နေပါက ပယ်ဖျက်ရန်ဆောင်ရွက်  ရမည့်အချက်များ အစရှိသည် တို့ကိုထည့်သွင်းဖော်ပြထားသည်။

အဆိုပါလက်ကမ်းစာစောင်များကို ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်/ဆက်ဦးစီးမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများ ကလမ်းသွားလမ်းလာ ခရီးသွားပြည်သူများနှင့် ပညာပေးပိုစတာများကို လူစည်းကား ရာ လမ်းဆုံ၊ လှေဆိပ်များ နှင့်ရုံးရှေ့မြေစိုက်ဘုတ်တွင် ပြသထားကြောင် သိရသည်။

မျိုးလွင်