ကလေးမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပ

ကလေး  ဇူလိုင်  ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အမှတ်(၂)ခြေခံပညာအလယ်တန်း ကျောင်းတွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၂)ခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်ထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကလေးခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဦး စီးဌာနမှ ဒုတိယဦးစီးမှူး ဦးဉာဏ်လင်းအောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများ၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ဇာဇာအေးက ပလတ်စတစ်စွန့်ပစ် ပစ္စည်းအကြောင်းသိကောင်းစရာများကို Video Clip များဖြင့်ပြသ၍ ဟောပြောဆွေးနွေး ဟောပြောခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၂)ခြေခံ ပညာအလယ်တန်းကျောင်းမှကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)