ဒေးဒရဲမြို့နယ်အတွင်းရှိ  ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် (၁၉) ရောဂါ ကာကွယ်ဆေး (Booster)များ  ထိုးနှံပေးလျက်ရှိ

ဒေးဒရဲ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦးကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များ၊ အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အသက်(၁၈)နှစ်အထက်ရှိသူ လျာထားဦးရေ (၁၅၈၉၁၃)ရှိသည့်အနက်   တတိယအကြိမ် အပိုဆောင်းထိုးနှံပြီးစီးမှုအဖြစ် ပြည်သူ (၃၇၅၈၅)ဦး ရှိပြီး အသက်(၁၂)နှစ်မှ အသက် (၁၈) အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၆၃၈)ဦးအား ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများနှင့် အသက် () နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၃၃၇၉)ဦးအား ပထမအကြိမ် ကာကွယ်ဆေးများထိုးနှံပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး အပိုထပ်ဆောင်းကာကွယ်ဆေး(Booster) ထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း