မြို့သစ် ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူများသည် မြေအောက်ရေ၊ ဆည်ရေများဖြင့် သီးနှံများကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးကြရာ ဒေသထွက်ရှောက်ပင်များစိုက်ပျိုးခြင်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ရှောက်ပျိုးပင်တစ်ပင်ကို (၂၅၀၀)ကျပ်ခန့် ပေးဝယ်ရပါတယ်၊ ဟိုးအရင်ကတော့ ဆည်ပေါက်ကိုတဆင့် မှာယူရတာ၊ အခုတော့ လိုက်ထရက်ကားလေးတွေနဲ့ မြို့စျေးအရောက် လာရောင်းပေးတယ်၊ ပျိုးပင်ဝယ်ရတာ အဆင်ပြေသွားတာပေါ့၊ အခြားပျိုးပင်မျိုးစုံလည်းပါတယ်” ဟု မြို့သစ်မြို့နယ်မှ စိုက်ပျိုးရေးဝါသနာပါသူတစ်ဦးထံက သိရသည်။
မြို့သစ်မြို့နယ်မှ စိုက်ပျိုးသည့် ရှောက်ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ ရှောက်သီးဆယ်လုံး ငါးရာကျပ်ဖြင့် ရောင်းချရသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)