သံတောင်ကြီး ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာ ဖာလာ၊ ဒူးရင်း၊ မင်းကွတ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင် လျက်ရှိရာတညင်းသီးပင်များကို တစ်ပိုင်တစ်နိုင်စီးပွားရေးအတွက် စိုက်ပျိုးကြပြီး ယခု ဇူလိုင်လ နောက်ဆုံးပတ်တွင်တညင်းသီး လှိုင်လှိုင်ပေါ်ချိန်ဖြစ်သော်လည်း ဈေးကောင်းရရှိကြောင်း သိရသည်။
အဆိုပါ တညင်းပင်များမှာ နှစ်ရှည်ပင်ဖြစ်ပြီး စိုက်ပျိုးပြီး(၇)နှစ်ခန့်တွင်အသီးများစတင်ခူးဆွတ်နိုင်ပြီး အချို့အပင်ကြီးများမှာ အမြင့်ပေ (၄၀)ခန့် ပင်စည်လုံးပတ် (၅)ပေခန့်အထိရှိသည်။ တညင်းပင်များမှာ ဉယျာဉ်ခြံများအတွင်းတွင် သဘာဝအတိုင်း ပေါက်ရောက်ခြင်းရှိသကဲ့သို့ စိုက်ပျိုးခြင်းများလည်းရှိသည်။ သံတောင်ကြီးဒေသထွက် တညင်းသီးများကို တောင်ငူမြို့ရှိ တညင်းသီး အဝယ်ဒိုင်များ ထံတွင် သွားရောက် ရောင်းချပြီးတညင်းသီးများ ပေါ်ဦးစ မေလပထမပတ်တွင် ဈေးနှုန်းကောင်းသည့်နည်းတူ ယခုဇူလိုင်လ နောက်ဆုံးပတ်လှုင်လှိုင် ပေါ်ချိန်တွင်ဈေးနှုန်းကျဆင်းခြင်းမရှိပဲ တညင်းသီး(၁)ပုံးလျှင် ကျပ်၂၂၀၀၀ မှ ကျပ်၂၅၀၀၀ အထိ ရရှိခဲ့ကြောင်း တညင်းသီးစိုက်ပျိုး လုပ်ကိုင်သူ တောင်သူဦးမောင်စီထံက သိရသည်။
နော်နော်မူ