​​​​​​​စစ်ကိုင်းမြို့နယ်တွင် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းသရုပ်ပြပွဲ ကျင်းပ

စစ်ကိုင်း  ဇူလိုင်  ၂၈

စစ်ကိုင်းမြို့နယ်တွင် မိုးသီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဒေသခံတောင်သူများ မိုးစပါးနှင့် ပတ်သက်ပြီး လိုက်နာရမည့်အချက်များ၊ ပျိုးသက်မှန်စိုက်ပျိုးရေးနှင့် တစ်ဧကကောက်ကွက် ပြည့်မီရေး မလစ်ဟင်းစေရေးအတွက် စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ လက်တွေ့ကွင်း သရုပ်ပြသခြင်းကို ဇူလိုင်(၂၈)ရက်၊ နံနက်ပိုင်းက ကျောက်ဆည်ကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာ၊ တောင်သူ ဦးဇော်ထိုက်၏ စိုက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြသပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က နိုင်ငံတော်မှလည်း စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကထားပြီး ကျေးလက်နေတောင်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း စတင်စိုက် ပျိုးချိန်မှစ၍ မျိုးကောင်း/ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးသွားကြပြီး အထွက်နှုန်းရရှိရေးအတွက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးသွားကြပါလို့မှာကြားလိုကြောင်း ပြောကြားကာမြိုနယ်စိုက်ပျိုးရေး ဦးစီးမှူးဦးဇော်ဦးက မိုးစပါးအထွက်နှုန်းရရှိရေးအတွက် မျိုးပြောင်းလဲရေးသည်လည်း အဓိကကျပြီးလိုက်နာ ဆောင်ရွက်ရမည့် အချက်များမှ ဒေသခံတောင်သူများ ဒေသရေမြေအခြေအနေပေါ်မူတည်ပြီး ယခုစိုက်ပျိုးရာသီချိန်တွင် ပျိုးသက်မှန်စိုက်ပျိုးရေးနှင့် တစ်ဧကစံသက်မှတ်ချက် ကောက်ကွက် (၁၂၀၀၀၀) မှ (၁၅၀၀၀၀) ကောက်ကွက်ပြည့်မီရေး လစ်ဟင်းမှုမရှိစေဘဲ လွယ်ကူစွာကြပ်မတ်ဆောင် ရွက်တက်စေရန်အတွက် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများ အား မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး လက်တွေ့ကွင်းသရုပ်ပြဆောင်ရွက်ခြင်းအား ကြည့်ရှု အားပေးခဲ့ကြသည်။ 

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် မိုးစပါးဧက(၂၆၁၀၀)ဧက စိုက်ပျိုးသွားရန် လျာထားခဲ့ပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် ပန်းတိုင်းအထွက်နှုန်းရရှိရေး အတွက် တိုက်နယ်တာဝန်ခံ စိုက်ပညာရှင်များက အနီးကပ်ကြီးကြပ်၍ စိုက်ပျိုးဆောင်ရွက်ပေးနေလျှက် ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်