ကန်ကြီးထောင့် ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အတွင်း ရေးမှူး ဒေါဖြိုးသန္တာလွင်က ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ပတ်သက်၍ ကလေးသူငယ်များအား ဘေးဥပဒ်ရန်မှ ကာကွယ်ခြင်း၊ ဆိုးရွား သော ထိခိုက်မှုများမှ အကာအကွယ်ရပိုင်ခွင့်နှင့် ဆင်းရဲနွမ်းပါးမှုကြောင့် ထိခိုက်လွယ်သော ကလေးများအား ကာကွယ်ခြင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများမှ ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးခဲ့ကြပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
ကျော်ဇင် (ပြန်/ဆက်)