ကန့်ဘလူမြို့၌ ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဆက်လက် ရောင်းချပေး

ကန့်ဘလူ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီနှင့် အခြား စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့ နံနက် ၇ နာရီက စည်ပင် သာယာခန်းမ၌ ဆက်လက်ရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန် ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီကာ  ရောင်းချပေးလျက်ရှိသည်။

ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန် တစ်ပြည်၊ ဆီ ၅ ကျပ်သားနှင့် ကြက်ဥ ၂ လုံး စသည့်ပစ္စည်းအမယ် သုံးမျိုးတို့ကို ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး အပတ်စဥ် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)