မြန်အောင်၌ အခြေခံစားသောက်ကုန် ငါးနှင့်ဆီများကို ဈေးနှုန်းသက်သာစွာဖြင့်​ ရောင်းချပေး

မြန်အောင် ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ အခြေခံစားသောက်ကုန် များဖြစ်သော ဆီနှင့်ငါးမြစ်ချင်းငါးများကို စျေးနှုန်းသက်သာစွာဖြင့် မြန်အောင်မြို့ အမှတ် (၅) ရပ်ကွက် တာကြီးတန်းတွင် ယနေ့ နံနက်က ရောင်းချပေးခဲ့သည်။

ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ငါးမြစ်ချင်း တစ်ပိသာ (၅၀၀၀)ကျပ်နှုန်း၊ မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းနှင့် မြန်အောင်စားသုံးသူရေးရာဦးစီးဌာတို့က ရည်ညွှန်းစျေး စားအုန်းဆီ တစ်ပိသာ (၄၆၀၀) ကျပ်နှုန်းဖြင့်လူတစ်ဦးလျင် ဆီငါးဆယ်ကျပ်သား ရောင်းချပေးခဲ့ကြောင်းသိရသည်။

အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို မြန်အောင်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြန်အောင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံတို့မှ ကြည့်ရှုအားပေး ကူညီခဲ့ကြသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)