ညောင်တုန်းမြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ညောင်တုန်း ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး ခန်းမ၌ပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များက မိုးစပါး၊ နွေစပါး တစ်ဧက (၁၀) တင်းအထွက်နှုန်းတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ရသူများ၏ အခွင့်အရေး၊ လိုက်နာရမည့်စည်းကမ်းချက်များ၊ လယ်ယာမြလုပ်ပိုင်ခွင့် အငြင်းပွားဖြေရှင်းခြင်းနှင့် အယူခံခြင်းစသည့် ၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေ၊ နည်းဥပဒေများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့‌ကြောင်း သိရသည်။

ထက်ဝေဖြိုး (ပြန်ဆက်)