တမူးမြို့တွင် Zoom Application Account ဖောက်နည်းနှင့်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

တမူး ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဇူလိုင်လ (၂၆) ရက်နေ့ နေ့လယ် (၂) နာရီအချိန်က ဝန်ထမ်းများအား Zoom Application Accountဖောက်နည်းနှင့်အသုံးပြုနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ဝန်ထမ်းများအနေဖြင့်ပြောင်းလဲလာသည့် နည်းပညာများနှင့်အညီ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေစွာလုပ်ဆောင်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း Zoom Application Software ဟာ ဖုန်း၊ ကွန်ပျူတာနဲ့အခြားသော အွန်လိုင်းဆက်သွယ်ရေးပစ္စည်းတွေကတဆင့် Video၊ Audio ၊ Messageများနဲ့ ဆက်သွယ်နိုင်ပြီး စာရွက်စာတမ်းများ၊ အချက်အလက်များကို တစ်ချိန်တည်းမှာ လုံခြုံစိတ်ချစွာ မျှဝေနိုင်တဲ့ Softwareတစ်ခုဖြစ်တာကြောင့်များစွာအကျိုးရှိကြောင်း ယခုဆိုရင် တစ်ကမ္ဘာလုံးမှာ Zoom အသုံးပြုသူများစွာရှိပြီး မြန်မာနိုင်ငံတွင်လည်း ဌာနဆိုင်ရာရုံးများ၊ ကုမ္ပဏီများ၊ သင်တန်းကျောင်းများတွင် Online Meeting၊ Online Teaching တွေမှာ တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်ကြောင်း ရှင်းလင်းပြောခဲ့သည်။

ဆက်လက်၍သင်တန်းကိုဆက်လက်ပို့ချရာ လက်ထောက်ညွှန်ကြားရေးမှူးမှ Zoom Application Account ဖောက်နည်းအဆင့်ဆင့်နှင့်အသုံးပြုနည်း စသည်တို့အားစာတွေ့ လက်တွေ့သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါ သင်တန်းသို့ တမူးခရိုင်ရုံးမှဝန်ထမ်းများတက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ

တမူးခရိုင် (ပြန်/ဆက်)