သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်း ဇူလိုင် ၂၇

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် သမဝါယနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) တို့ပူးပေါင်း၍ တ်နဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် (၂၆) ရက်၊ မွန်းလွဲ (၃) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင့်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြများအား အမှတ်တရ ဂုဏ်ပြု လက်ဆောင်များပေးအပ်ကာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အသေးစားအလက်စား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့်နိုင်ငံတော်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပေးနိုင်မှာဖြစ်တဲ့အတွက် သင်တန်းသားများအနေဖြင့် မိမိတို့ ကျရာနေရာဒေသရောက်ရှိတဲ့အခါမိသားစုတစ်ပိုင်တစ်နိုင်အဖြစ် လက်တွေ့ဆောင်ရွက်လုပ်ကိုင်သွား ကြစေလိုကြောင်းပြောကြား၍ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်းမှရရှိခဲ့သည့် ထုတ်ကုန်ပစ္စည်းများကိုလည်းကောင်း သင်တန်းသားများအား အသီးသီးပေး အပ်ခဲ့ကြသည်။

အဆိုပါသင်တန်းကို (၇) ရက်ကြာ လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းဆင်းပွဲသို့ သမဝါယ မနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)