ဖြူးမြို့နယ်၌ ပြည်သူများထံသို့ စာအုပ်၊စာစောင်များ သွားရောက်ငှားရမ်းပေး

ဖြူး ဇူလိုင်၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြည်သူများ စာအုပ်စာပေများကို လက်လှမ်းမီစွာဖတ်ရှုနိုင်စေရန်နှင့် စာဖတ်ခြင်းဖြင့်အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်များနှင့် ကလေးများအတွက် စာအုပ်များအားပြည်သူများ လက်ဝယ်အ‌ရောက် လိုက်လံငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့သို့‌ ငှားရမ်းပေးရာတွင်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေရုံး၊ မြို့မရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ တိုင်းရင်းဆေးရုံတို့တွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား သုတ၊ ရသစာအုပ်များအပြင် ကလေးငယ်များစိတ်ဝင်စားစေသည့် ကလေးစာပေများ စုစုပေါင်း (၁၉၀)အုပ်ဖြင့် သွားရောက်  ငှားရမ်းပေးကြကြောင်း သိရသည်။

  နေမျိုးလွင်(ပြန်/ ဆက်)