လက်ပံတန်း ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတင်ဦးနှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များနှင့် Royal Pine Hill Hotel ၌ ယနေ့ နံနက် ၉ နာရီက တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးဇေယျာဆွေနှင့်အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်း၊ မြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးလှဦးနှင့်လုပ်ငန်းရှင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းစန်းနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ဝန်ကြီး ဦးတင်ဦးက သက်ဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်စီးဆင်းမှု ညီညွတ်မျှတရေးအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရေး၊ ထုတ်လုပ်ဖြန့်ဖြူးမှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီး ဦးတင်ဦးနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ရောက်ရှိပြီး ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့်တွေ့ဆုံ၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေမှုများအား အဆင်ပြေစေရေး၊ ရေရှည်ရောင်းချနိုင်ရေး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)