ပေါက်ခေါင်းမြို့၌ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် မြို့ရှောင်ကွက် သစ်ကြားဖြတ်(၁)လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပေါက်ခေါင်း ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ပေါက်ခေါင်းမြို့ အမှတ်(၄)ရပ်ကွက်၊ မြို့ရှောင်ကွက်သစ်ကြားဖြတ်(၁)လမ်းတွင် ကျောက်ချော ခင်းခြင်းလုပ်ငန်းများကို ဇူလိုင်လ  ၅ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ၁၇ ဒသမ ၇၄ သန်းဖြင့် မြို့ရှောင်ကွက် သစ်ကြားဖြတ်(၁)လမ်းတွင် လမ်းအရှည် ၉၂၅ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၉ လက်မရှိ ကျောက်ချောခင်းခြင်းလုပ်ငန်းများကို လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ ဒေါ်သဲစုယမင်း(အငယ်တန်းအင်ဂျင်နီယာ-၂)မှ  လုပ်ငန်းပိုင်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်စီမံဆောင်ရွက်လျက်ရှိရာ ယခုအခါ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)