သာယာဝတီ ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် သာယာဝတီမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသားငါးနှင့် ဒေသထွက်ဟင်းသီးဟင်းရွက် သီးနှံများကို ယနေ့နံနက် ၈ နာရီက သာယာဝတီမြို့မစျေးရှေ့၌ သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထင်အောင်ဦးတို့က လိုက်လံရှင်းလင်းပြသပေးခဲ့ပြီး တိုင်းဒေသကြီး စီပွားရေးရာဝန်ကြီးက အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မူမရှိစေရေးအတွက် ဆန်၊ ဆီ သား၊ ငါးအသားနှင့် ဒေသထွက်ဟင်း သီးဟင်းရွက်သီးနှံများအား ပြင်ပပေါက်ဈေးထက်သက် သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး၊ ဒေသခံပြည်သူများက ဆီဝယ်ယူမှု ပိုများကြောင်း စားအုံးဆီအပြင်ရာင်းဈေး တစ်ပိဿာ ၇၅၀၀ ရှိရာ သက်သာသောနှုန်းဖြင့် တစ်ဦးလျှင် ငါးဆယ်သား ၂၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သန့်ဇော်