သာယာဝတီ ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊သုံးဆယ်မြို့၊ အရှေ့ရိုးကြီးရပ်ကွက် ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ဒေသထုတ်ကုန်တစ်ခုဖြစ်သော ဒေါ်သီတာလှ ကရေကရာနှင့် မုန့်မျိုးစုံလုပ်ငန်းသည် " ကရေကရာ ရွှေညာကမုန့်မျိုး ပေါက်ပေါက်ကယ်ချိုပါလှ အုန်းယိုကတိုး" ဟု ဆိုရိုးရှိသည့်အတိုင်း သာယာဝတီမြို့နယ်၏ ဒေသအမှတ်အသား တစ်ခုအဖြစ် ရပ်တည်နေသော လုပ်ငန်းတစ်ခုဖြစ်သည်။
ကရေကရာပြုလုပ်ရာတွင် ကောက်ညှင်းမှုန့်၊ အုန်းသီး၊ သကြား၊ ထောပတ်များကို ကုန်ကြမ်း အဖြစ် အသုံးပြုကြပြီး လုပ်သားအရေအတွက်အားဖြင့် (၇)ဦးခန့် အသုံးပြုရကြောင်း၊ လုပ်သား တစ်ဦးလျှင် တစ်ရက် လုပ်အားခ ၇၀၀ဝ ကျပ်ခန့် ပေးချေရပြီး ကုန်ကျစရိတ်မှာ ကောက်ညှင်းမှုန့် တစ်ပိဿာလျှင် ၅၀၀ဝ ကျပ် ၊ သကြား တစ်ပိဿာလျှင် ၂၇၀ဝ ကျပ်၊ ထောပတ်တစ်ပိဿာလျှင် ၂၀၀၀ဝကျပ်၊ အုန်းသီး တစ်လုံးလျှင် ၇၀ဝ ကျပ်၊ ဗူးတစ်ဘူးလျှင် ၁၀ဝ ကျပ်၊ ကရေကရာ တစ်ပိဿာ ပြုလုပ်ရန်အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ၅၀၀၀ ကျပ်ခန့် ကုန်ကျပြီး တစ်ပိဿာလျှင် ၄ ဘူးထွက်ရှိကာ တစ်ဘူးလျှင် ၁၅၀၀ ကျပ်ခန့်ဖြင့် ပြန်လည်ရောင်းချကြောင်း သိရသည်။
အကျိုးအမြတ်အနေဖြင့် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ခန့်ရရှိပြီး လုပ်ငန်းတစ်ခု တစ်နေ့လျှင် ၇၂ ပိဿာခန့် ထုတ်လုပ်လျက်ရှိကြောင်း၊ ဈေးကွက်ရောင်းချမှုသည် ဒေသတွင်းနှင့် ရန်ကုန်မှ ပြည်ကြားမြို့များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ကိုယ်စားလှယ်များမှ တဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကရေကရာလုပ်ငန်းသည် ဒေသထုတ်ကုန်တစ်ခုအဖြစ် တိုးချဲ့ဆောင်ရွက်မည်ဆိုပါက ခေတ်မီစက်ကိရိယာများနှင့် ကုန်ကြမ်းထားရှိရန်အတွက် သိုလှောင်ရုံများ ဆောက်လုပ်ကာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။
သန့်ဇော်