ဖောင်းပြင်မြို့နယ်တွင် နေရပ်စွန့်ခွာသူများအား ဆန်နှင့်စားသောက်ဖွယ်ပစ္စည်းများထောက်ပံ့

ဖောင်းပြင် ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် နယ်မြေဒေသမအေးချမ်း၍ ယာယီနေရပ်စွန့်ခွာလာသူများထံသို့ ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲတို့ကို ယမန်နေ့နံနက်ပိုင်းက မင်းကွန်းဓမ္မရိပ်သာ၌ ထောက်ပံ့ပေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းက ထောက်ပံ့ပေးမှု ခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ နေရပ်စွန့်ခွာလာသူများကို အားပေးစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ဆန်နှင့် စားသောက်ဖွယ်ပစ္စည်းများအား ပေးအပ်ရာ နေရပ်စွန့်ခွာလာသည့် ကျေးရွာပေါင်း ၃၄ရွာမှ အိမ်ထောင်စု ၄၁၉စု အတွက် တစ်အိမ်ထောင်လျှင် ဆန် ၃ပြည်၊ ကုလားပဲ ၂၅၀ကျပ်သား၊ ဆီ ၂၅ကျပ်သားနှင့်ဆား ၅၀ကျပ်သားတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုယ်စားပြုပေးအပ်ကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)