အင်္ဂပူမြို့နယ်၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen Rapid Diagnostic Test Kit ဖြင့်စစ်ဆေး

အင်္ဂပူ  အောက်တိုဘာ ၁၃

အင်္ဂပူမြို့နယ်အတွင်း ဖွင့်လှစ်လျက်ရှိသောရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း တက်ရောက်နေ သည့် သင်တန်းသားများအား ယနေ့နံနက်ပိုင်းကကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen Rapid Diagnostic Test Kit ဖြင့်စစ်ဆေးစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ချထားမည့်သင် တန်းသား (၁၆၉)ဦးအားကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန်အတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာမင်းကျော်သူအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက နယ်မြေအလိုက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် သင်တန်းသားအားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။

အဆိုပါရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းအား အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၂၈)ရက်ကြာ သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းတက်ရောက်စဉ် သင်တန်းစည်းကမ်းများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ လိုက်နာရမည့်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)