လွိုင်ကော် အောက်တိုဘာ ၁၃
၂၀၂၀ ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ်အဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူတို့က လွိုင်ကော်မြို့နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသို့ ယနေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ စာတန်းပါ အဝတ်နှာခေါင်းစည်း၊ လက်သန့်စင် ဆေးရည်နှင့် Face Shield များ အခမဲ့ဖြန့်ဝေခဲ့ပြီး သီရိမင်္ဂလာဈေး၊ နောင်ယားဈေးနှင့် ပြည်နယ်ခန်းမ ရှေ့များ၌ ဈေးရောင်း၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာပြည်သူ များအား အဝတ်နှာခေါင်းစည်း (၁၀၀၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)