ပေါက်မြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပေါက် ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် မြို့နယ်သန့်ရှင်းသာယာလှပစေရေးအတွက် ရည်ရွယ်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၇ နာရီအချိန်က လူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်စည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးတို့တွင်  ပူးပေါင်းဆောင်ရွက်သည်။

အဆိုပါ ပလတ်စတစ်လျော့ချရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှု လျော့ချရေးနည်းလမ်းများ၊ စွန့်ပစ်ပစ္စည်းလျော့ချရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်လုပ်ငန်းအစီအစဉ်များ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းနည်းလမ်းများ၊ ပြန်လည်အသုံးပြုခြင်းနည်းစနစ်များကို ဈေးရောင်းဈေးဝယ် မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြစေရေးအတွက် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် သတင်းစာများဖြန့်ဝေခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုရွှေယော(အညာမြေ)