လပွတ္တာမြို့နယ်အတွင်းရှိ ကျွဲနွားများ ဇီဝလုံခြုံမှုသင်တန်းဖွင့်လှစ်

လပွတ္တာ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး ၊လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု ရေဆိုင်ကုန်းကျေးရွာတွင် ကျွဲ ၊ နွားများအား ဇီဝလုံခြုံမှုသင်တန်းဖွင့်လှစ်ခြင်းကိုယ​မန်နေ့နံနက်ပိုင်းကကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာအောင်နိုင်သိန်းက သင်တန်းဖွင့်အမှာစကားပြော​ကြားရာတွင်ခြံလှောင်စနစ်ဖြင့်မွေးမြူနိုင်ရန်၊ ကူးစက်ရောဂါမဖြစ်ပွားစေရန်၊ ကာကွယ်ဆေးထိုးနှံရန်၊ မွေးမြူရေးခြံများတွင် ပိုးသတ်ဆေးများအပတ်စဥ်ဖျန်းရန်၊ မွေးမြူပုံနည်းစနစ်များအကြောင်း သင်ကြားခဲ့သည်။

ထို့နောက် ရေဆိုင်ကုန်းကျေးရွာအတွင်းမှကျွဲ၊ နွားများကူးစက်ရောဂါဇီဝလုံခြုံရေး သင်တန်းကို စိတ်ပါဝင်စားသူ (၂၅) ဦးအားအသိပညာတိုးပွားစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)