သာယာဝတီ ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၁၄) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ချောင်းသုံးခွကျေးရွာအုပ်စု၊ လိပ်ဥကုန်းကျေးရွာ၊ လိပ်ဥကုန်းကွင်းအတွင်း တောင်သူ ဦးထွန်းအောင်ကျော်၏ လယ်မြေ ၆ ဧကတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက် ၂ စီးဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန ၊ သာယာဝတီမြို့မှ မြို့နယ်ဦးစီးဌာနမှူးဦးဆောင်သော ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသော တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ကောက်စိုက်စက်ဖြင့် တောင်သူ ဝန်ဆောင်မှူတွင် ယခုနှစ်အတွင်း နွေစပါး ဧက ၁၀၀ နှင့်မိုးစပါး ဧက ၆၅ ဧက ဆောင်ရွက်ပြီး စီးခဲ့ပြီး ဆက်လက်ဆောင်ရွက်ဆဲဧကများကျန်ရှိနေသော မိုးစပါးဧက ၂၀၀ ကျော်လွန်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သန့်ဇော် (ပြန်/ ဆက်)