ကလေး ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မားစေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် မြို့နယ်စည်ပင်သာယာရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးများသို့သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းသည် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများနှင့်လုပ်ငန်းတာဝန်များဖြင့် မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများကို လှည့်လည်ငှားရမ်းပေးနေခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာရုံးများကို အလှည့်ကျလှည့်လည်ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း၊ ငှားရမ်းထားသည့် စာအုပ်များပြန်လည်လက်ခံခြင်း၊ အသစ်ပြန်လည်ငှားရမ်းသည့်စနစ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ စာငှားသူ တိုးပွားရေး၊ စာဖတ်ရှိန်မြင့်မားရေးအတွက် ဌာနဆိုင်ရာရုံးများသို့ နယ်လည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းကို အပတ်စဉ်အင်္ဂါနေ့တိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စာကြည့်တိုက်သို့ လာရောက်ငှားရမ်းသည့် စာပေဝါသနာရှင်များကိုလည်း သုတ၊ ရသစာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)