ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၂၀၂၃ခုနှစ် ၊မိုးရာသီ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား ကျင်းပ

ဟင်္သာတ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ မြို့နယ်ပြည့်သူ့အားကစားပြိုင်ကွင်း၌ ကွန်ပျူတာတက္ကသ်ိုလ် (ဟင်္သာတ) ၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၄ ရက်နေ့ ညနေပိုင်းက အဆိုပါနေရာတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်ဇနီး ဒေါ်ခတ္တာထွန်း၊ ကွန်ပျုတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာထွန်းမြတ်အောင်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိများ ပြိုင်ပွဲဝင်အသင်းသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားအဓိဋ္ဌာန် ရွတ်ဆိုခြင်း၊ ခရိုင်ဥက္ကဋ္ဌအားအလေးပြုခြင်း၊ ကျောင်းသူများမှပန်းပွားအကဖြင့် ကပြဖော်ပြခြင်းများပြုလုပ်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒုတိယပါမေက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က ကွင်းဖွင့်ပွဲအထိမ်းအမှတ် အဖွင့်ဘောလုံးကန်၍ ပြိုင်ပွဲကိုစတင်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်ပွဲစဥ်အဖြစ် ကွန်ပျူတာတက္ကသိုလ်မှ အပြာအသင်းနှင့် အဝါအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)