မြန်အောင်မြို့နယ် မိုးရာသီ ကော်ဖီ(သီးနှံ)စိုက်ပျိုးပွဲကျင်းပ

မြန်အောင် ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မိုးရာသီကော်ဖီ(သီးနှံ)စိုက်ပျိုးပွဲကို ယနေ့နံနက်က ရေနံတောင်သစ်တောကြိုးဝိုင်း အကွက်အမှတ်(၄၇/၄၈)ရှိ ဒေသခံအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (၁၁၃.၅)ဧကတွင် တောင်သူ ဦးကျော်ထွဋ်အောင် (၄)ဧကနှင့် ဦးအောင်ဝင်း(၁)ဧကတို့၏ လျှော်ဖြူစိုက်ခင်း (၅)ဧကတွင် ကော်ဖီ(သီးနှံ) စိုက်ပျိုးပွဲ ကျင်းပပြုလုပ်သည်။

ကော်ဖီ(သီးနှံ)စိုက်ပျိုးပွဲသို့ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

မြန်အောင်မြို့နယ်အတွင်း ကော်ဖီသီးနှံကို ၂၀၂၃ ခုနှစ်တွင် စတင်စိုက်ပျိုးခြင်းဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (Robusta)မြေပြန့်ကော်ဖီမျိုးကို ယခုနှစ်တွင် အခမဲ့ဖြန့်ဝေပေးကြောင်းနှင့် တစ်ဧကလျင် ကော်ဖီပင်(၄၃၅)ပင်၊၅ ဧက(၂၁၇၅) ပင်စိုက် ပျိုးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်

(ပြန်/ဆက်) မြန်အောင်