ပန်းတနော်၊ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အခြေခံကွန်ပျုတာသင်တန်းအမှတ်စဥ် (၂/ ၂၀၂၃) ကို ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) အဆောက်အအုံရှိ လေ့ကျင့်ရေးခန်းမ၌ စတင်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါ သင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာမမှ Microsoft word ၊ Excel စသည့်တို့ကို အခြေခံမှစ၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည့်ဖြစ်ပြီး သင်တန်းကာလမှာ ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၂၄ ရက်နေ့အထိ အပတ်စဥ် တနင်္လါနေ့မှ သောကြာနေ့ထိ နံနက် ၁၀ နာရီမှ ၁နာရီအထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ရာ သင်တန်းသား/ သူ (၁၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)