လေးမျက်နှာ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲကို လေးမျက်နှာမြို့နယ်အားကစားကွင်း၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟင်္သာတခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်သန်းဝင်းမှ ပျိူးပင်များဖြန့်ဝေပေးခဲ့ပြီး သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းမှကာကွယ်နိုင်ရန်အတွက် စိန်ပန်း(၂၀)ပင်၊ စွယ်တော်(၈)ပင်၊ ရေတမာ(၁၀)ပင်၊ ပျဉ်းကတိုး(၁၈၀)ပင်၊ ကျွန်း(၄၈)ပင်၊ ကံ့ကော်(၁၁၀)ပင်၊ ခရေ(၁၁၀)ပင်၊ မဟော်ဂနီ(၁၅၆)ပင် စိုက်ပျိူးခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိူးပွဲသို့ ဟင်္သာတခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးနှင့်ပြည်သူများ၊ ဆရာဆရာမများနှင့်ကျောင်းသား ကျောင်းသူများစုစုပေါင်း (၃၂၆)ဦးတို့မှ ပူးပေါင်းပါဝင်စိုက်ပျိူးခဲ့ကြသည်။
ကျော်ဟိန်း (ပြန်/ဆက်)