သာပေါင်း ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇူလိုင်လ ၁၈ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ရသည့်မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့၊ ညနေ ၃ နာရီအချိန်က ကယ်ဆယ်ရေးပစ္စည်းများနှင့်အိမ်ဆောက်ပစ္စည်းဖိုး အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အမှတ် (၃) ရပ်ကွက်၊ ကန္နားလမ်း၌ မိုးသက်လေပြင်းဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးရှိ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၄၂၀၀) ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် ပေါင်းရန်ုပုံငွေ (၁၀၄၂၀၀) ကျပ်တို့ကို မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်းနှင့် အမှတ် (၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဦးထွန်းဝင်းနှင့်အဖွဲ့ဝင်တို့က အိမ်တိုင်ရာရောက် ဘေးသင့်မိသားစုလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)